သက်ရောက်မှု

လတ်တလော သက်ရောက်မှုများ

သုံးစွဲသူသည် စက္ကန်ပိုင်းအတွင်း အရက် သောက်ခြင်းနှင့် တူသော သက်ရောက်မှုများကို ခံစားရသည်။ ဥပမာ - စကားပြောလေးလာခြင်း၊ ထိန်းချုပ်ဆောင်ရွက်နိုင်စွမ်း နည်းလာခြင်း၊ ပျော်လာခြင်း နှင့် ခေါင်းမူးလာခြင်းတို့ ဖြစ်သည်။ အချို့ သုံးစွဲသူများသည် ခေါင်းထဲ တွင် ပေါ့ပါးလာပြီး မရှိသည်များကို မြင်ကြား ခြင်း၊ ထင်မြင်ခြင်းတို့ ဖြစ်လာသည်။ ဆေးသုံးစွဲမှု များပါက သတိလစ် မေ့မျောခြင်း ဖြစ်နိုင်သည်။

 

ရေရှည် သက်ရောက်မှုများ

သုံးစွဲသူသည် ရေရှည်တွင် ဓါတုပစ္စည်းများကြောင့်ပြင်းထန်သော ပြဿနာများ ဖြစ်စေသည်။ အာရုံကြောများပျက်စီးသောကြောင့် နေ့စဉ် အလုပ်များ ဥပမာ - လမ်းလျှောက်ခြင်း၊ စကားပြောခြင်း - တို့ လုပ်ရာတွင် ခက်ခဲလာမည်။

ဦးနှောက်ကလပ်စည်းများ ပျက်စီးသောကြောင့် မှတ် ဉာဏ်၊ တွေးခေါ်မှု၊ သင်ယူမှုတို့ကို ထိခိုက်ပြီး အချို့လူများတွင် လှုပ်ရှားမှု နှေးကွေး လေးလံ၍ အချိုးမကျ ဖြစ်စေသည်။